hi Hello
Orange Pi Zero မှာ Raspberry Pi ကဲ့သို့ HDMI port မပါဝင်တဲ့အတွက် AV cable အသုံးပြုပြီး CRT (Cathode-Ray-Tube) TV တွေမှာ ချိတ်ဆက်အသုံးပြုကြပါတယ်။ GUI mode အသုံးပြုလို့ ကောင်းတဲ့ နောက်တစ်နည်းက TFT Display တစ်မျိုးမျိုးနဲ့ ချိတ်ဆက်ပြီး သုံးတဲ့နည်း ဖြစ်ပါတယ်။ SPI bus ပါဝင်တဲ့ TFT LCD များကို ရွေးချယ်အသုံးပြုနိုင်ပြီး၊ fbtft driver ထည့်သွင်းကာ အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။ fbtft ဆိုတာကတော့ SPI bus အသုံးပြု ထိန်းချုပ်နိုင်တဲ့ small TFT display module အမျိုးမျိုးအတွက် Linux Framebuffer driver ဖြစ်ပါတယ်။ TFT display driver အတော်များများကို support ပေးထားပါတယ်။ ကိုယ့်ရဲ့ TFT LCD driver ကို supported list ထဲမှာ ပါ မပါ စစ်ဆေးချင်ရင် ဒီနေရာမှာ ရှာဖွေစစ်ဆေးလို့ ရပါတယ်။ သတိပြုရမယ့် အချက်ကတော့ fbtft_device module ကို Linux Kernel 5.4 ကနေ စပြီး Support မပေးတော့ပါဘူး (see fbtft wiki)။ ဒါကြောင့် Armbian Archive Storage မှာ Linux Kernel 5.4 ရဲ့ အောက် version တစ်ခုခုကို ရှာဖွေပြီး download ရယူထားနိုင်ပါတယ်။ ယခု Guide မှာ စမ်းသပ်ထားတဲ့ Debian Kernel version ကတော့ 3.4 ဖြစ်ပြီး ဒီနေရာမှာ တိုက်ရိုက် ဒေါင်းယူနိုင်ပါတယ်။ File size 203MB ရှိပါတယ်။ Download ရယူပြီးရင် Extract ပြုလုပ်ကာ balenaEtcher software အသုံးပြုပြီး SD card အတွင်းသို့ ထည့်သွင်းလိုက်ပါ။ kernel version စစ်ဆေးဖို့ကိုတော့ uname -r command နဲ့ စစ်ဆေးလို့ရပါတယ်။ Orange Pi Zero စတင် အသုံးပြုခြင်း Getting Started Guide ကိုတော့ ဒီနေရာမှာ အရင်ဖတ်ရှုနိုင်ပါတယ်။